ကျွန်တော် အရင်တစ်နေ့က ပြောပြခဲ့ပြီးပါပြီ software များကို တွေ့ကရာ ဆိုက်တွေကနေ Download မလုပ်မိဖို့နှင့် install မလုပ်မိကြဖို့ပါ . ကျွန်တော်တို့ နည်းပညာစတင်လေ့လာ သူများအနေဖြင့် မ၀င်ရောက်သင့် Download မလုပ်သင့်သော နေရာများ အများအပြား ရှိသည့်အနက် လတ်တလော တစ်ကယ့်ကို software များကို မက်မက်မောမောနှင့် Download လုပ်ချင်စဖွယ် ဖြစ်အောင် တင်ပေးထားသည့် ၀ဘ်ဆိုက် စာရင်းကို ကျွန်တော် ရေးပေးပါ့မယ် . ထပ်မံပြီး သတိပေးလိုက်ပါသည် . လုံးဝ(လုံးဝ) Download မလုပ်မိပါစေနှင့်၊ အဆိုပါ ၀ဘ်ဆိုက်မှာ link များကို ကူးယူပြီး ပို့စ်တင်ထားသူများ ရှိပါက ဖျက်ပေးစေလိုပါသည်။ မိမိကွန်ပျူတာအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်ပါတယ် . တစ်ချို့က မ၀င်နဲ့ မလုပ်နဲ့ဆိုလျှင် ပိုပြီး လုပ်ချင် စမ်းချင်ကြပါတယ် . ကျွန်တော်ပြောတာကို မယုံကြည်သူများ စမ်းသပ်နိုင်ပါတယ် . ဒါက လူတိုင်းသိသင့်တယ်ထင်လို့ ကျွန်တော် ပို့စ်အနေနဲ့ တမင်တင်ပေးလိုက်တာပါ . Google ကနေ ရှာလို့ရတယ် ဆိုပေမယ့် ရှာတွေ့တဲ့ ဆိုက်တိုင်း Download မလုပ်သင့်ပါဘူး . မိမိရှာတဲ့ ဆိုက်ရဲ့ post (web စာမျက်နှာ) တိုင်းမှာ Download လုပ်တဲ့သူတွေရေးခဲ့တဲ့ comments ဆိုတာရှိပါတယ် . အဲ့ဒီ့ ဖိုင်ဟာ တစ်ကယ့်ကို အလုပ်လုပ်သလား . အစစ်အမှန်လား ဆိုတာကို ဆိုက်တွေရဲ့ comments တွေကို ကြည့်တာနဲ့တင် သိနိုင်ပါတယ် . မရိုးသားတဲ့ ဆိုက်တွေမှာ comments ပေးဖို့အတွက် မထည့်ပေးထားပဲ . တမင်ဖြုတ်ပေးထားတတ်ပါတယ် . ဘာ့ကြောင့် အဲ့လိုမျိုး ဆိုက်တွေရှိတာလဲ ဘာ့ကြောင့်လုပ်သလဲဆိုရင် အလွယ်ကူဆုံးနှင့် အဓိက ဦးတည်ချက်က အသုံးပြုသူရဲ့ Bank accout နှင့် အခြားသော အချက်အလက်တွေကို ခိုးယူဖို့ပါ . အဓိကကတော့ ဘဏ်အကောင့်တွေပါပဲ . လူတိုင်းဟာ မိမိရဲ့ ကိုယ်ပိုင်ကွန်ပျူတာ (သို့) ယုံကြည်စိတ်ချရတဲ့ internet cafe တွေမှာဆိုရင် ဘဏ်အကောင့်ကို သုံးကြပါတယ် . ဥပမာ paypal ပေါ့ဗျာ ကျွန်တော့်မှာ paypal account ရှိတယ်ဆိုရင် ကျွန်တော်က online ကနေ တစ်ခြားတစ်နိုင်ငံကို သွားမယ် . ဥပမာ မြန်မာနိုင်ငံဗျာ . မြန်မာနိုင်ငံကိုလာဖို့ Trader hotel မှာ booking လုပ်မယ် . အဲ့တော့ ထိုင်းအင်တာနက် ဆိုင်ကနေ ပြီးတော့ paypal account ကို သုံးပြီး ပိုက်ဆံလှမ်းချေ လိုက်တယ် . ကိုယ်ပိုင်ကွန်ပျူတာ မပါလာလို့ လမ်းဘေး internet cafe ဆိုင်ကနေ သုံးလိုက်ရတယ် ဆိုပါစို့။ အဲ့လို ရိုက်ပြီးသုံးလိုက်တာနဲ့ အဲ့ဒီ့ computer မှာ ကျွန်တော် သုံးခဲ့တဲ့ paypal ရဲ့ email address and password က ကျန်ခဲ့ပြီ ဥပမာ " အဲ့ဒီ့ ဆိုင်မှာ keylogger (သို့) အဲ့ဒီ့ထက် မြင့်တဲ့ အဆင့်မြင့် အချက်အလက် သိမ်းဆည်းနိုင်တဲ့ program" ကို Install လုပ်ထားမယ်ဆိုရင် . ကျွန်တော် သေပြီပေါ့ . ပင်ပင်ပန်းပန်း ရှာထားသမျှ ဘဏ်ထဲမှာ ရှိသမျှပိုက်ဆံ ကျွန်တော့်အကောင့်ကို သိတာနဲ့ ကုန်ပြီ. paypal မှာ က အကောင့်ကိုသိရင် မိမိရဲ့ ဘဏ်အကောင့်ထဲကို ငွေလွှဲလို့ရတယ် . နောက်တစ်ခုက ငွေမလွှဲချင်ဘူးဆိုတာတောင်မှ Online ကနေ လျှောက်ပြီး ၀ယ်ပစ်မယ် . online မှာ အခုဆိုရင် ပစ္စည်းမှန်သမျှကို online စနစ်ကနေ ပေးပြီး ၀ယ်လို့ရနေပါပြီ . ဆိုင်ကယ် ကား အကုန်လုံးမှာလို့ရတယ် . လိပ်စာတစ်ခုသာ ပေးလိုက် . ငွေချေပြီးတာနဲ့ အဲ့ဒီ့နေရာကို ပစ္စည်းလာပို့ပေးတယ် . ကျွန်တော်ဆိုရင် တစ်ခါမှားဖူးတယ် . ကျွန်တော်တို့ဆီမှာက သီချင်းတွေကို တစ်ခါတစ်လေ website ကနေ ၀ယ်တယ် . တစ်ခါ သီချင်းဆိုပြီးတော့ ၀ယ်လိုက်တာ သီချင်းကျမလာဘူး . ပိုက်ဆံကပေးလိုက်ပြီး . တစ်ပတ်လောက်ကြာတော့ DJ ကစားတဲ့ သီချင်းဓါတ်ပြားတစ်ချပ် အင်္ဂလန်ကနေ စာတိုက်ကနေတစ်ဆင့် ပို့လာတယ် . အဲ့တော့မှ သဘောပေါက်တယ် ကို ၀ယ်လိုက်တာ သီချင်းမဟုတ်ဘဲ ဓါတ်ပြားပါလားလို့ .
http://loweimages.com ဆိုက်ဟာဆိုရင် တစ်ကယ့်ကို တမင်တကာ အပင်ပန်းခံပြီး လုပ်ထားတယ်လို့ ကျွန်တော်တော့ ထင်တယ် . မြင်သမျှ program တွေကလဲ latest version ချည်းပဲ . မသိတဲ့သူအဖို့တော့ သွားရည်ယိုစရာချည်းပါပဲ .
http://loweimages.com ဆိုက်ဟာဆိုရင် တစ်ကယ့်ကို တမင်တကာ အပင်ပန်းခံပြီး လုပ်ထားတယ်လို့ ကျွန်တော်တော့ ထင်တယ် . မြင်သမျှ program တွေကလဲ latest version ချည်းပဲ . မသိတဲ့သူအဖို့တော့ သွားရည်ယိုစရာချည်းပါပဲ .
- http://loweimages.com
- http://amprox.com
- http://villashibiscus.com
- http://winobrowne.com
- http://vc-ll.org

အွန်လိုင်း scammer များဟာ လူအများစိတ်ဝင်တစားအသုံးပြုနေတဲ့ Google Doodle မှတဆင့် malware များပျံ့နှံ့အောင်ပြုလုပ်နေကြကြောင်း လုံခြုံရေးကုမ္ပဏီတွေကပြောကြားလိုက်ပါတယ်။
iPhone, iPod Touch အသုံးပြုသူများ အနေဖြင့် ဇော်ဂျီလက်ကွက်နှင့် ဖောင့်များ ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းရာတွင် ဖြစ်ပေါ်လာမည့်ပြဿနာများကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းကို www.saturngod.net နည်းပညာဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြထားသည်။ ထို့အပြင် ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းခြင်းကိုလည်း အဆင့်လိုက်ဖော်ပြထားသည်။ ဇော်ဂျီလက်ကွက်နှင့် ဖောင့်များထည့်သွင်းရန်အတွက် ဖုန်း၏ Operating Sytem (OS) မှာ အနိမ့်ဆုံး 3.0 ရှိရမည်ဖြစ်ပြီး Jailbreak လုပ်ထားရန်လိုကြောင်းသိရသည်။ ဇော်ဂျီလက်ကွက်နှင့်ဖောင့် Package ကို အွန်လိုင်းမှ သွင်းရမည်ဖြစ်သဖြင့် အင်တာနက်ကွန်ရက်ရှိရန်လိုအပ်သလို Cydia ဆော့ဖ်ဝဲကိုလည်း Install လုပ်ထားရန်လိုအပ်သည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့် ဖောင့်ထည့်သွင်းသူများအနေဖြင့် ပထမအဆင့် Cydia ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Cydia ရှိ Manage အောက်မှ Source ကိုသွားရမည်ဖြစ်ပြီး Edit မှတဆင့် Add လုပ်ရမည်ဖြစ်သည်။ Address တွင် http://cydia.macforus.com ကို ရိုက်ထည့်လိုက်ပြီဆိုပါက လက်ကွက်နှင့် Font ပါဝင်သော Package များကို Reload လုပ်မည်ဖြစ်ပြီး ပြီးဆုံးသွားပါက Sections အောက်တွင် Zawgyi Sections ပါလာမည်ဖြစ်သည်။
ယခုအချိန်မှာ အချို့သောနိုင်ငံများအနေဖြင့် Conficker worm ၀င်ရောက်ပျံ့နှံ့မှုများနှင့်ကြုံတွေ့နေရပြီး ထိုပြဿနာကိုဖြေရှင်းနိုင်စေရန် အခက်အခဲများရှိနေကြောင်း လုံခြုံရေးဆိုင်ရာသုတေသီများမှ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ထို့ပြင် China Telecom ၏ Chinanet အနေဖြင့်လည်း လွန်ခဲ့သောနှစ်မှစတင်၍ ၀င်ရောက်လာသော Conficker worm နှင့်ပတ်သက်၍ အခက်အခဲများကြုံတွေ့နေခဲ့ရပါတယ်။




